Install Ubuntu 16.04 LTS
Ubuntu ကိုကွန်ပြူတာမှာသုံးဖို့အတွက် Install လုပ်ပုံလုပ်နည်းအဆင့်ဆင့်ပါ...
လိုအပ်ချက်အနေနဲ့ Ubuntu Installer DVD (or) Bootable USB stick
Ubuntu Installer DVD ကတော့ကွန်ပြူတာခွေဆိုင်တွေမှာ ၀ယ်လိုရပါတယ်
Bootable USB stick ကတော့ ကိုယ်တိုင်လုပ်လိုရပါတယ် Image file တော့လိုပါတယ်။
Ubuntu 16.04 LTS image file Download
Create Ubuntu Installer DVD
Create Bootable USB stick
သင့်အနေနဲ့ Ubuntu Installer DVD (သို့) Bootable USB stick ရပြီဆိုရင် OS စတင်
Install လုပ်နိုင်ပါပြီ။
Using a DVD?
Ubuntu Installer DVD ကိုကွန်ပြူတာ DVD-drive ထဲကိုထည့်ပြီး Shut Down ချပာ။
Using USB stick?
ကွန်ပြူတာကို Shut Down ချပြီ USB stick ကို ကွန်ပြူတာနဲ့ချိတ်ဆက်ထားပါ။
အချိန်အနည်းငယ်စောင့်ပာ......
ကွန်ပြူတာကို ပြန်ဖွင့်ပာ DVD or Stick ကနေ Boot တတ်ဖို့အတွက် Boot Menu ကိုဝင်ပါ
Boot Menu ကိုဝင်ဖို့အတွက် စက်စအတတ်မှာ F12 ကိုနိပ်ပေးရပာမယ် ဒာကတော့ ကွန်ပြူတာ
တစ်လုံးနဲ့တစ်လုံး မတူညီပါဘူး စမ်းကြည့်ပါ တစ်ချို့မှာ F2 တစ်ချို့မှာ Del တချို့မှာတော့ F8 ပါ
ကွန်ပြူတာမှာပါတဲ့ User Manual မှာကြည့်ဖို့လိုပါမယ်...
ကျတော်စက်မှာတော့ F2 ပါ... Boot Menu screen ကိုရောက်သွားရင်တော့ အောက်ပုံ
Arrow Key ကိုသုံးပြီး Boot ကိုရောက်အောင်ရွှေ့ပါ နဂိုကတော့ Defaults အနေနဲ့ Hard Drive
ဖြစ်နေမှာပာ DVD သုံမယ်ဆိုရင်တော့ CD-ROM Drive ကိုရွေးပြီး Stick ဆိုရင် Removable Devices
ကိုရွေးပေးရမှာပာ အသုံးပြုပုံကတော့ တစ်လုံးနဲ့တစ်လုံးမတူညီပါဘူးအောက်ခြေမှာတော့ ပြထားပါတယ်။
F10 ကိုနိပ်ပြီး Save and Exit လုပ်ပါထို့နောက် Reboot ကျပြီးစက်ပြန်တတ်လာပာမယ်
စက်အတတ်မှာ
Any Key for boot CD-ROM Drive....
ဆိုပြီးပောခဲ့ရင် ကီးဘုတ်က ခလုပ်တခုခုနိပ်ပေးပါ။DVD ကနေ Boot စတတ်ပါပြီ
USB stick ဆိုရင်လဲ အတူတူပါပဲ.......................
Welcome screen ပေါ်ပြီး Installation စတင်နိုင်ပါပြီ...
Welcome screen မှာသင့်အနေနဲ့ Try Ubuntu နဲ့ Install Ubuntu ဆိုပြီးရွေးချယ်စရာတွေ့ရ
ပာမယ်...
Try Ubuntu ဆိုတာကတော့ Ubuntu ကိုခွေထဲကနေစမ်းပြီး အသုံးပြုတာဖြစ်ပါတယ်...
စမ်းသုံးကြည့်မယ် ပြီးမှ Install လုပ်မယ်ဆိုလဲရပါတယ် သို့ပေမဲ့ တိုက်ရိုက်ခွေပေါ်ကနေသုံးတာဖြစ်လို့
စိတ်တိုင်းကျဖွယ်စွမ်းဆောင်နိုင်စွမ်းတော့ မရှိပါဘူး ခုကလဲ Install လုပ်နေတာဖြစ်လို့
Install Ubuntu ကိုပဲနိပ်ပေးပါ....
Preparing to install Ubuntu screen ကိုရောက်ပါမယ်
Hard drive space လိုအပ်ချက်
ပါဝာ ကြိုးတတ်ထားဖို့
အင်တာနက်ချိတ်ဆက်ဖို့
အောက်ဆုံးမှာ Install this third-party software ကိုတော့ရွေးလဲရတယ်၊ မရွေးလဲရပာတယ်
ကျတော်ကတော့ တစ်ခာတည်းရွေးခဲ့ပါတယ်... အဓိကလိုတာကတော့ Drive space ပါ...
အင်တာနက်ချိတ်ဆက်ထားရင်တော့ နောက်ဆူံ Update installer ကိုလိုတာလေးတွေဒောင်းမည့်အတွက်
အချိန်အနည်းငယ်ပိုကြာပါမယ် ကျတော်ကတော့ အကုန် Install လုပ်ပြီးမှပဲ လိုအပ်တဲ့ Update ကို
ထပ်လုပ်ပါတယ်.. ထိုနောက် Continue ကိုနိပ်ပါ....
Installation type screen ကိုရောက်ပါမယ်
Install Ubuntu alongside Windows 7
ဒာကတော့ Os တင်ထားတဲ့စက်ဖြစ်တဲ့ အတွက် OS နှစ်ခုလုံးကို Dual-boot အနေနဲ့တင်မလားမေးတာပါ
Replace Windows 7 with Ubuntu
ဒာကတော့ Os အဟောင်းကိုဖျက်ပြစ်ပြီး Ubuntu သက်သက်ပဲတင်မလားမေးတာပါ
Something else
ကတော့Hard drive partition ကို ပြန်ပိုင်းတာ ဖျတ်တာတွေလုပ်ဖို့ပဲ့ဖြစ်ပါတယ်...
စတင်အသုံးပြုသူအနေနဲ့ကတော့ မရွေးချယ်သင့်ပါဘူ Linux OS ရဲ့ File စနစ်ကိုလေ့လာသိရှိပြီးမှသာ
စမ်းသပ်သင့်ပါတယ်..
သင်နှစ်သက်ရာကို ရွေးပြီး Continue (Install Now) ကိုနိပ်ပါ..
ကျတော်ကတော့ OS တစ်ခုထဲပဲသုံးတာကို အားပေးပာတယ် Window မှာလုပ်ရတာတွေ Linux မှာလုပ်မရတာ
မရှိပာဘူး... ဟီးဟီး.. အားပေးတယ်သိလား... Linux ကို..
Where are you? Screen ကိုရောက်ပါမယ်
မြန်မာနိုင်ငံရှိရာကို နိပ်ပေးလိုက်ပါ Rangoon ဆိုပြီးပေါ်ပါမယ် Continue နိပ်ပါ
Keyboard layout screen ရောက်ပါမယ်
English English ကိုပဲရွေးပြီး Continue ပာ
Who are you? screen ကိုရောက်ပါမယ်
Your name နာမည်အပြည်အစုံထည့်ပါ (or) သဘောရှိထည့်ပါ...
Computer name သဘောရှိထည့်ပါ... (no space,no Special Characters)
Pick Username **နဲနဲသတိထား အဲ့နာမည်နဲ့ Login ဝင်ရမှာ မှတ်ရလွယ်တာပေးပါ **
Password **မှတ်မိလွယ်တာပေးပါ**
Confirm Password **မှတ်မိလွယ်တာပေးပါ**
Login automatically ကတော့ စက်တတ်တဲ့အချိန်မှာ password မတောင်းပဲတစ်ခာတည်း တတ်ပါတယ်။
Require My password to login ကတော့ Password မှန်မှသာ ဝင်လို့ရပါမယ် ကြိုက်တာရွေးပါ...
Continue ကိုနိပ်ပါ.. ကျတော်ကတော့ Require My password to login ဒာပဲထားတယ်
Installer ကစတင် Installation လုပ်ပါပြီ ခဏစောင့်ပါ....
အကုန်ပြီးတဲ့အခာ စက်ကို Restart လုပ်ဖို့ပြောပါမယ်....
ခွေထုတ်ပြီး Restart လုပ်ပေးပါ...
စက်ပြန်တတ်လာရင်တော့ သင့်အနေနဲ့ Ubuntu 16.04 LTS ကွန်ပြူတာရရှိပါပြီ...
ကျေးဇူးတင်ပါတယ် ကျတော်လဲကျွမ်းကျင်အဆင့်တော့မဟုတ်ပါဘူး သိသလောက်မှတ်သလောက်ပါ။
အနီးအနားမှာ ရှိတဲ့လူတွေကိုတော့ ကိုယ်စရိပ်ကိုယ်စားပြီး ကူညီပေးနိုင်ပါတယ်။
No comments